Myanmar National Land Use Policy - အမျိုးသားမြေအသုံးချမှုမူဝါဒ (Burmese မြန်မာဘာသာ)
၁။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်လျှက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ တိုင်းဒေသကြီး ရ ခု၊ ပြည်နယ် ရ ခုနှင့် ပြည်ထောင်စုနယ်မြေတို့တွင် ပြန့်နှံ့နေထိုင်လျက်ရှိသည်။ နိုင်ငံတော်သည် အရှေ့တောင်အာရှတွင် တည်ရှိပြီး ပထဝီအနေအထားအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အချက်အချာကျသည့်နိုင်ငံဖြစ်ပါသည်။